Welcome to My Channel. Thanks all ❤❤

Home » » Mad Max: Fury Road (2015)

Mad Max: Fury Road (2015)


(unicode)

Mad Max: Fury Road (2015) မြန်မာစာတန်းထိုး
-----------------------------------------------------------
ဒီကားက ၁၉၇၉ တုန်းက ထွက်ခဲ့တဲ့ မင်းသားကြီး Mel Gibson ရဲ့ Mad Max ဇာတ်လမ်းတွဲကို ဇာတ်လမ်းကျောရိုးယူပြီး ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားက Rated-R ဖြစ်ပြီး ကလေးတွေကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်ကားမှာ မင်းသား Tom Hardy က Max အဖြစ်သရုပ်ဆောင်ထားပြီး၊ Charlize Theron နဲ့ Nicholas Hoult က တွဲဖက် သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းက ကမ်ဘာပျက်ပြီးနောက် Australia ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပြီး၊ ဒီဇာတ်လမ်းထဲက Australia မှာ လူတိုင်းက ဓါတ်ဆီကို လုနေကြပါတယ်။ ဒီဇာတ်ကားက သာမန် Remade ဇာတ်ကားတွေလို Original Mad Max ကို အသစ်အနေနဲ့ ပြန်ရိုက်ထားတာ ဇာတ်လမ်းကျောရိုးကိုပဲယူပြီး ဇာတ်အိမ်အသစ်နဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားမှာ Superhero ကားတွေလို Robocop (2014) လို ဇာတ်လမ်းကမင်းသားရဲ့ Origin (သူရဲ့နောက်ကြောင်း) ကို အချိန်ကုန်ခံပြီး ပြမနေပါဘူး။ Max က ဘယ်လိုလူမျိုးလည်းဆိုတာ တခါတည်းတန်းပြပြီး ဇာတ်လမ်း ကို စတင်ထားပါတယ်။
ဒီကားမှာ မင်းသားရဲ့ နောက်ကြောင်းကို သာမက ဇာတ်ကောင်တွေတော်တော်များများရဲ့ နောက်ကြောင်း ကိုလည်း ဘာမှမပြနေပဲ နဲ့ ဇာတ်လမ်း ကိုအသားပေးတင်ဆက်ထားတာတွေ့ရပါတယ်။ ဒါပေမယ့် ဇာတ်ရှိန်ရလာတာနဲ့အမျှ အဓိကဇာတ်ကောင်တွေအကြောင်းကို တဖြည်းဖြည်းချင်း ပရိတ်သတ်ကို သိစေလာတဲ့ပုံစံ မျိုးနဲ့ ပညာသားပါပါတင်ဆက်ထားပါတယ်။
။ ဇာတ်လမ်းမှာ လူဆိုးခေါင်းဆောင် Immortan Joe က သောက်သုံးရေကို ထိမ်းချုပ်ထားပြီး လူတွေကို လည်း ခိုင်းစားထားပါတယ်။ ဒါ့အပြင် မိန်းမချော လေးတွေကိုလည်း ရွေးချယ်ပြီး ကလေးမွေးဖို့အတွက် သက်သက် ဖမ်းထားထား ပါတယ်။ ဇာတ်လမ်းအစမှာ Max က Immortan ရဲ့ လူတွေဖမ်းတာခံရပြီး blood bag (သွေးသွင်းတဲ့ အိတ်လို့ တင်စားခေါ်တာဖြစ်ပြီး) Max ရဲ့ သွေးကို Nux လို့ခေါ်တဲ့ Immortan ရဲ့ စစ်သားကိုသွင်းပေးထားပါတယ်။
ဒီနောက်မှာ Furiosa လို့ခေါ်တဲ့ သူ့ရဲ့ ညာလက်ရုံး (Charlize Theron) ကို ရေနံထွက်တဲ့မြို့က နေ ဓါတ်ဆီကို သွားယူခိုင်း ပါတယ်။ ဒီလိုသွားယူရာမှာ Furiosa က War Rig (ရေနံနဲ့ ရိက္ခာသာမက လက်နှက်တွေပါပါပြီး၊ ခံနိုင်ရည်ရှိတဲ့) ကားကို မောင်းရပါတယ်။ ဒီကနေ သူမက ရေနံသွားမယူပဲ လမ်းကြောင်းပြောင်းသွားခဲ့ပါတယ်။ ဒီအခါမှာ Immortan Joe က သူရဲ့ မိန်းမ ငါးယောက် ရော သူ War Rig ပါ ပါသွားလို့ နောက်ကနေ လိုက် တာဖြစ်ပါတယ်။
ဒီလိုလိုက်ရာမှာ Nux (Nicholas Hoult) က သွေးသွင်းရင်း နဲ့ လိုက်ချင်တယ်ဆိုပြီး လိုက်ရာကနေ Max ပါပါသွားပြီး လမ်းမှာ Max နဲ့ Furiosa တို့ ပေါင်းမိသွားရာကနေ သူတို့ လိုရာကို အရောက်သွားကြသလို၊ နောက်က လိုက်တဲ့သူတွေကလည်း လိုက်ရင်းနဲ့ ဇာတ်ကားတစ်ကားလုံးက Car Chase Scene တွေနဲ့ပဲ ပြည့်နေပါတယ်။
ဇာတ်လမ်းထဲမှာ Nicholas Hoult ရဲ့ ဇာတ်ကောင် Nux အပါအ၀င် Immortan ရဲ့ စစ်သားတွေကို War Boy လို့ခေါ်ပြီး သူတို့ ကို ဒီကောင်ကြီးက မဟုတ်တာတွေပြောဆိုပြီး ခိုင်းစားထားတာဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ သေဖို့တောင် မကြောက်ပဲ အသေခံ ချနေကြတာဖြစ်ပြီး Brain Wash လုပ်ခံထားရတာကြောင့် သနားဖို့လည်းကောင်းပါတယ်။
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး၊ အက်ရှင်ကောင်းကောင်း၊ Effect ကောင်းကောင်းနဲ့ ရိုက်ကူးထားသလို၊ ဇာတ်လမ်းဇာတ်အိမ်လည်းကောင်းပါတယ်။ ဒါ့အပြင် Character Development လို့ ခေါ်တဲ့ ဇာတ်ကောင် တွေကို ပရိတ်သတ် နဲ့ အချိတ်အဆက်မိအောင် လည်း ကောင်းကောင်းလုပ်ပေးထားလို့ ဇာတ်ကားထဲမှာ ပါတဲ့သူတွေကို ပရိတ်သတ်အနေနဲ့ Relate လုပ်လို့ရပါတယ်။ IMDB Ratingမှာလဲ 8.5 အထိ ရထားတာဆိုတာ ဇာတ်ကားကောင်းဆိုတာ သံသယ ၀င်စရာ မရှိပါဘူး။
(ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက်(Movie Review)မှကူးယူဖော်ပြပါသည်။)
Credit -

File size - 2GB
ဒီမှာဒေါင်းပါ - https://mm1ink.net/wTiae






File size - 1.24GB
ဒီမှာဒေါင်းပါ - https://mm1ink.net/pw2bH







မ​ဒေါင်​းတတ်​ရင်​ ​ဒေါင်​းနည်​းကို ​​အောက်​ကလင်​့မှာကြည်​့ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs







Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI




(zawgyi)

Mad Max: Fury Road (2015) ျမန္မာစာတန္းထိုး
-----------------------------------------------------------
ဒီကားက ၁၉၇၉ တုန္းက ထြက္ခဲ႔တဲ႔ မင္းသားႀကီး Mel Gibson ရဲ႕ Mad Max ဇာတ္လမ္းတြဲကုိ ဇာတ္လမ္းေက်ာရိုးယူျပီး ျပန္လည္ ရုိက္ကူးထားတာျဖစ္ပါတယ္။ ဒီကားက Rated-R ျဖစ္ျပီး ကေလးေတြႀကည့္ဖို႔ မသင့္ေတာ္ပါဘူး။ ဇာတ္ကားမွာ မင္းသား Tom Hardy က Max အျဖစ္သရုပ္ေဆာင္ထားျပီး၊ Charlize Theron နဲ႕ Nicholas Hoult က တြဲဖက္ သရုပ္ေဆာင္ထားပါတယ္။
ဇာတ္လမ္းက ကမၻာပ်က္ျပီးေနာက္ Australia ကုိ ဇာတ္အိမ္တည္ျပီးရုိက္ကူးထားတာျဖစ္ျပီး၊ ဒီဇာတ္လမ္းထဲက Australia မွာ လူတုိင္းက ဓါတ္ဆီကုိ လုေနႀကပါတယ္။ ဒီဇာတ္ကားက သာမန္ Remade ဇာတ္ကားေတြလို Original Mad Max ကုိ အသစ္အေနနဲ႔ ျပန္ရုိက္ထားတာ ဇာတ္လမ္းေက်ာရုိးကုိပဲယူျပီး ဇာတ္အိမ္အသစ္နဲ႔ ရုိက္ကူးထားတာျဖစ္ပါတယ္။ ဒါ့အျပင္ ဒီကားမွာ Superhero ကားေတြလို Robocop (2014) လို ဇာတ္လမ္းကမင္းသားရဲ႕ Origin (သူရဲ႕ေနာက္ေႀကာင္း) ကုိ အခ်ိန္ကုန္ခံျပီး ျပမေနပါဘူး။ Max က ဘယ္လိုလူမ်ိဳးလည္းဆုိတာ တခါတည္းတန္းျပျပီး ဇာတ္လမ္း ကုိ စတင္ထားပါတယ္။
ဒီကားမွာ မင္းသားရဲ႕ ေနာက္ေႀကာင္းကုိ သာမက ဇာတ္ေကာင္ေတြေတာ္ေတာ္မ်ားမ်ားရဲ႕ ေနာက္ေႀကာင္း ကုိလည္း ဘာမွမျပေနပဲ နဲ႔ ဇာတ္လမ္း ကုိအသားေပးတင္ဆက္ထားတာေတြ႔ရပါတယ္။ ဒါေပမယ့္ ဇာတ္ရွိန္ရလာတာနဲ႔အမွ် အဓိကဇာတ္ေကာင္ေတြအေႀကာင္းကုိ တျဖည္းျဖည္းခ်င္း ပရိတ္သတ္ကုိ သိေစလာတဲ႔ပုံစံ မ်ိဳးနဲ႔ ပညာသားပါပါတင္ဆက္ထားပါတယ္။
။ ဇာတ္လမ္းမွာ လူဆုိးေခါင္းေဆာင္ Immortan Joe က ေသာက္သုံးေရကုိ ထိမ္းခ်ဳပ္ထားျပီး လူေတြကုိ လည္း ခုိင္းစားထားပါတယ္။ ဒါ့အျပင္ မိန္းမေခ်ာ ေလးေတြကုိလည္း ေရြးခ်ယ္ျပီး ကေလးေမြးဖို႔အတြက္ သက္သက္ ဖမ္းထားထား ပါတယ္။ ဇာတ္လမ္းအစမွာ Max က Immortan ရဲ႕ လူေတြဖမ္းတာခံရျပီး blood bag (ေသြးသြင္းတဲ႔ အိတ္လို႔ တင္စားေခၚတာျဖစ္ျပီး) Max ရဲ႕ ေသြးကုိ Nux လို႔ေခၚတဲ႔ Immortan ရဲ႕ စစ္သားကိုသြင္းေပးထားပါတယ္။
ဒီေနာက္မွာ Furiosa လို႔ေခၚတဲ႔ သူ႔ရဲ႕ ညာလက္ရုံး (Charlize Theron) ကုိ ေရနံထြက္တဲ႔ျမိဳ႕က ေန ဓါတ္ဆီကုိ သြားယူခုိင္း ပါတယ္။ ဒီလိုသြားယူရာမွာ Furiosa က War Rig (ေရနံနဲ႔ ရိကၡာသာမက လက္ႏွက္ေတြပါပါျပီး၊ ခံႏုိင္ရည္ရွိတဲ႔) ကားကုိ ေမာင္းရပါတယ္။ ဒီကေန သူမက ေရနံသြားမယူပဲ လမ္းေႀကာင္းေျပာင္းသြားခဲ႔ပါတယ္။ ဒီအခါမွာ Immortan Joe က သူရဲ႕ မိန္းမ ငါးေယာက္ ေရာ သူ War Rig ပါ ပါသြားလို႔ ေနာက္ကေန လိုက္ တာျဖစ္ပါတယ္။
ဒီလိုလိုက္ရာမွာ Nux (Nicholas Hoult) က ေသြးသြင္းရင္း နဲ႔ လုိက္ခ်င္တယ္ဆုိျပီး လိုက္ရာကေန Max ပါပါသြားျပီး လမ္းမွာ Max နဲ႔ Furiosa တို႔ ေပါင္းမိသြားရာကေန သူတို႔ လိုရာကုိ အေရာက္သြားႀကသလို၊ ေနာက္က လိုက္တဲ႔သူေတြကလည္း လိုက္ရင္းနဲ႔ ဇာတ္ကားတစ္ကားလုံးက Car Chase Scene ေတြနဲ႔ပဲ ျပည့္ေနပါတယ္။
ဇာတ္လမ္းထဲမွာ Nicholas Hoult ရဲ႕ ဇာတ္ေကာင္ Nux အပါအ၀င္ Immortan ရဲ႕ စစ္သားေတြကုိ War Boy လို႔ေခၚျပီး သူတို႔ ကုိ ဒီေကာင္ႀကီးက မဟုတ္တာေတြေျပာဆုိျပီး ခိုင္းစားထားတာျဖစ္ပါတယ္။ ဒါေႀကာင္႔ သူတို႔ဟာ ေသဖို႔ေတာင္ မေႀကာက္ပဲ အေသခံ ခ်ေနႀကတာျဖစ္ျပီး Brain Wash လုပ္ခံထားရတာေႀကာင္႔ သနားဖို႔လည္းေကာင္းပါတယ္။
ဇာတ္ကားေကာင္းတစ္ကားျဖစ္ျပီး၊ အက္ရွင္ေကာင္းေကာင္း၊ Effect ေကာင္းေကာင္းနဲ႔ ရိုက္ကူးထားသလို၊ ဇာတ္လမ္းဇာတ္အိမ္လည္းေကာင္းပါတယ္။ ဒါ့အျပင္ Character Development လို႔ ေခၚတဲ႔ ဇာတ္ေကာင္ ေတြကုိ ပရိတ္သတ္ နဲ႔ အခ်ိတ္အဆက္မိေအာင္ လည္း ေကာင္းေကာင္းလုပ္ေပးထားလို႔ ဇာတ္ကားထဲမွာ ပါတဲ႔သူေတြကုိ ပရိတ္သတ္အေနနဲ႔ Relate လုပ္လို႔ရပါတယ္။ IMDB Ratingမွာလဲ 8.5 အထိ ရထားတာဆိုတာ ဇာတ္ကားေကာင္းဆိုတာ သံသယ ၀င္စရာ မရိွပါဘူး။
(ရုပ္ရွင္အညႊန္းကို ရုပ္ရွင္မိတ္ဆက္(Movie Review)မွကူးယူေဖာ္ျပပါသည္။)
Credit -

File size - 2GB
ဒီမွာေဒါင္းပါ - https://mm1ink.net/wTiae






File size - 1.24GB
ဒီမွာေဒါင္းပါ - https://mm1ink.net/pw2bH







မ​ေဒါင္​းတတ္​ရင္​ ​ေဒါင္​းနည္​းကို ​​ေအာက္​ကလင္​့မွာၾကည္​့ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs







Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI





Share this article :

Post a Comment