Welcome to My Channel. Thanks all ❤❤

Home » » Fury(2014)

Fury(2014)


(unicode)
  • Fury(2014)
************************************************
IMDB rating .....7.6
၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့  နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။
အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့ တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊ လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။
ဖျူရီ ရဲ့လက်ထောက်ကားမောင်းသမား ကျဆုံးသွားတဲ့အချိန်မှာတော့ လူစားထိုးအနေနဲ့  တပ်လက်နှိပ်စက်စာရေး နော်မန် ( Norman ) ရောက်လာပါတယ်။ ဖျူရီ ရဲ့ အဖွဲ့သားတွေက အတွေ့အကြုံမရှိ တဲ့ နော်မန်ကို မလိုလားကြပါဖူး။ တစ်ရက်တော့ ကင်းထောက်ထွက်ရင်း ဖျူရီပေါ်မှ ကင်းတာဝန်ယူထားတဲ့ နော်မန်က ရန်သူကိုမြင်လိုက်ပေမယ့် ဆယ်ကျော်သက်အရွယ်ဖြစ်နေတာမို့ သတ်ဖို့လက်မရဲတဲ့အတွက် အမေရိကန်တပ်မှ တင့်ကားတစ်စီးပျက်စီးကာ စစ်သားများလည်း အနိုင်ရသွားပါတယ်။ ကော်လီရာက နော်မန်ကို ဒေါသတကြီးဆူပူကာ အရှင်မိထားတဲ့ ဂျာမန်သုံ့ပန်းတစ်ယောက်ကို သူ့ရှေ့မှာတင် သေနတ်နဲ့ပစ်ခိုင်းခဲ့ပါတယ်။ နောက်ဆုံးမှာတော့  ရန်သူကိုမသတ်ရဲတဲ့ နော်မန်ကို ကော်လီယာကိုယ်တိုင် အတင်းဖမ်းချုပ်ပြီး လက်ထဲကိုသေနတ်အတင်းထည့်ကာ ရန်သူကိုပစ်သတ်လိုက်ပါတယ်။
ဖျူရီအပါအဝင် တခြားတင့်ကားတပ်ဖွဲ့တွေက ရိက္ခာပို့ယဉ်တွေကို ကာကွယ်ဖို့ အရေးပါတဲ့လမ်းကြောင်း တစ်လေ ျှာက် စစ်ဆင်ရေးလုပ်ခဲ့ရာ ဂျာမနီဘက်မှ အကြီးစားတင့်ကား Tiger 1 နဲ့ရင်ဆိုင်ရတဲ့အတွက် တခြားတင့်ကားတွေအားလုံး ပျက်ဆီးကာ ဖျူရီတစ်စီးပဲ ကျန်ရစ်ပါတယ်။ အပြန်လမ်းှာ မြေမြှုပ်မိုင်းတစ်ခုကို နင်းမိပြီး ဖျူရီရဲ့ ဘီးတွေပျက်ဆီးသွားပါတယ်။
ကော်လီရာက နော်မန်ကို အနားက တောင်ကုန်းပေါ်မှာ ကင်းစောင့်ခိုင်းထားပြီး ကျန်တဲ့သူတွေနဲ့ ဖျူရီကို ပြင်ဖို့ကြိုးစားပါတယ်။ နော်မန်ကင်းစောင့်နေစဉ်အတွင်း ဂျာမန်စစ်သား သုံးရာကျော်ဟာ စစ်သီချင်းသံပြိုင်ဆိုကာ ဖျူရီရှိတဲ့ လမ်းတည့်တည့်ကို ချီတက်လာနေကြောင့် တွေ့လိုက်ရပါတော့တယ်။
အဲ့ဒီအကြောင်းကို နော်မန်က ကော်လီရာဆီ အချိန်မီရောက်အောင် အမြန်သတင်းပို့လိုက်ပါတယ်။ ကော်လီရာက ဖျူရီတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဘိုင်ဘယ် ၊ ကွန်းအက်စ်  ၊ဂေါ်ဒို  နဲ့ နော်မန်တို့ကို လက်နက် ကျည်ဆံအပြည့်ပေးပြီး အကာအကွယ်ရှိရာ တောတန်းဆီကို ဆုတ်ခွာခိုင်းပါတယ်။ သူကိုယ်တိုင်ကတော့ ဖျူရီပေါ်မှ စက်သေနတ်ကို ကျည်ဖြည့်ကာ စောင့်နေခဲ့ပါတယ်။
လက်တွဲညီတဲ့ ဖျူရီ ဘက်တော်သားတွေက ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာကိုမထားခဲ့ နိုင်ကြပဲ ဘီးတွေပျက်ဆီးသွားလို့ မရွေ့လျားနိုင်တော့တဲ့ ဖျူရီပေါ်မှနေပြီး ရန်သူအင်အား သုံးရာကျော်ကို ခုခံဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။
သူတို့ ၅ယောက်က လက်နက်၊ ကျည်၊ လက်ပစ်ဗုံး ရသမ ျှစုစည်းကာ ဖျူရီကိုလည်း တင့်ကားအပျက်သဖွယ် ပြင်ဆင်ပြီး ရန်သူတပ်ကြီးအလာကို တင့်ကားအတွင်းမှ တိတ်ဆိတ်စွာစောင့်ဆိုင်းနေပါတော့တယ်။
တင့်ကားကို သန့်ရှင်းရေးလုပ်ဖို့အသွား ကားအတွင်းမှ ခန္စာကိုယ်အပိုင်းအပြတ်ကို မြင်ပြီး ကြောက်လန့်ကာထွက်ပြေးခဲ့ရတဲ့ နော်မန်က အခုတော့ ဖျူရီရဲ့ အားကိုးရတဲ့ စစ်သားတစ်ယောက်ဖြစ်နေပါပြီ။ ခေါင်းဆောင်ဖြစ်တဲ့ ကော်လီရာက ဖျူရီကိုရောက်လာတဲ့ သူ့လက်အောက်ငယ်သားအားလုံးကို ဘေးကင်းစေရမယ်လို့ အာမခံကာ သူကိုယ်တိုင်က တင့်ကားအတွင်းမှာဘယ်တော့မှမနေပဲ တင့်ကားအမိုးမှာခေါင်းထွက်ကာ တိုက်ပွဲမြင်ကွင်းကို သေချာကြည့်ပြီး ကြီးကြပ်ကွပ်ကဲတဲ့အတွက် ရန်သူ့တပ်နဲ့တွေ့တိုင်း ဖျူရီက အနိုင်ရခဲ့တာချည်းပဲဖြစ်ပါတယ်။
ဒီတစ်ခါ တိုက်ပွဲကတော့ ဖျူရီအတွက် နောက်ဆုံးတိုက်ပွဲဖြစ်မလား ။ ရန်သူဘက်မှအင်အားများပေမယ့် တင့်ကားမပါတဲ့အတွက် ဖျူရီအတွက် မေ ျှာ်လင့်ချက်ရှိနိုင်မလား။ ကော်လီရာရဲ့ ကွပ်ကဲမှုနဲ့ဖျူရီတပ်ဖွဲ့ဝင်တွေ အရင်လိုပဲ အောင်ပွဲခံနိုင်မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက်ရှုစားကြည့်စေလိုပါတယ်။
ဖျူရီက စစ်ပွဲ ရိုက်ကွင်းအပြင်အဆင်၊ သရုပ်ဆောင်တွေရဲ့ ပီပြင်မှု တွေကြောင့် ဝေဖန်ရေးဆရာတွေရဲ့ ချီးကျူးမှုကို ခံရတဲ့ စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မင်းသား ဘရက်ပစ်ရဲ့ ကော်လီရာဇတ်ရုပ်အပေါ် ပီပြင်မှုကလည်း ဇာတ်ရှိန်ကို မြင့်တက်စေပါတယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကတော့ ဖျူရီဇာတ်ကားရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စစ်ကိုတွေ့ကြုံခံစားရတဲ့ သာမန်မိသားစုတွေလိုပဲ ဖျူရီတပ်ဖွဲ့ဝင်တွေကလည်း သူတို့ရဲ့ တင့်ကားနဲ့ မိသားစုဝင်တွေဖြစ်တဲ့ တင့်ကားအဖွဲ့ဝင်တွေကို အချင်းချင်းကာကွယ်စောင့်ရှောက်ပုံကို ရိုက်ကူးထားတာဖြစ်ကြောင်း ပြောခဲ့ကြပါတယ်။
ရုပ်ရှင်အစအဆုံး စစ်အနိဌာရုံများကိုလည်း ပီပြင်စွာ ကြည့်ရမယ့်ဒီဇာတ်ကားက လက်ရှိမှာ  IMDB rating 7.6 ရရှိထားပါတယ်။ မင်းသား ဘရက်ပစ် ဦးဆောင်ပါဝင်ပြီး End of Watch (2012) , Training Day (2001), The Fast and Furious (2001) တို့ရဲ့ နံမည်ကျော်ဒါရိုက်တာ ဒေးဗစ်အိုင်ယာက ထုတ်လုပ်သူ ဒါရိုက်တာ အနေနဲ့ရိုက်ကူးထားတာဖြစ်ပါကြောင်း…
(ရုပ်ရှင်အညွှန်းကို mmmovieguide မှကူးယူဖော်ပြပါသည်။)


File size - 950MB
ဒီမှာဒေါင်းပါ - https://mm1ink.net/tb1uP






File size - 387MB
ဒီမှာဒေါင်းပါ - https://mm1ink.net/cWMBcTPD








မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   





(zawgyi)
Fury(2014)
************************************************
IMDB rating .....7.6
၁၉၄၅ ခုႏွစ္၊ ဧၿပီလ။  ဒုတိယကမၻာစစ္ ဥေရာပစစ္ေျမျပင္။  အင္အားႀကီးစစ္နိုင္ငံျဖစ္တဲ့  နာဇီ ဂ်ာမနီနိုင္ငံအား အေမရိကန္မွ ေနာက္ဆုံးထိုးစစ္ဆင္ တိုက္ခိုက္ေနတဲ့အခ်ိန္။
အေမရိကန္စစ္တပ္ တပ္မဟာ ၆၆၊ တပ္ခြဲ ၂မွ တပ္ၾကပ္ႀကီး ေကာ္လီရာ ( Collier ) က ယင္းစစ္ေျမျပင္မွာ ဖ်ဴရီ (fury)  လို႔ေခၚတဲ့ တင့္ကား ကိုဦးေဆာင္ကာ တိုက္ပြဲဝင္ေနသူျဖစ္ပါတယ္။ ဖ်ဴရီ ရဲ႕ တျခားတပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့  ေသနတ္သမား ဘိုင္ဘယ္ (Bible) ၊ လက္နက္ႀကီးက်ည္ျဖည့္တာဝန္ ကြန္းအက္စ္ (Coon-Ass) ၊ တင့္ကားေမာင္းသူ ေဂၚဒို (Gordo) တို႔ဟာ စစ္စကတည္းက တြဲဖက္ညီညီ နဲ႕တိုက္ပြဲဝင္ခဲ့ၾကတဲ့ ဝါရင့္စစ္သားေတြပဲျဖစ္ပါတယ္။
ဖ်ဴရီ ရဲ႕လက္ေထာက္ကားေမာင္းသမား က်ဆဳံးသြားတဲ့အခ်ိန္မွာေတာ့ လူစားထိုးအေနနဲ႕  တပ္လက္ႏွိပ္စက္စာေရး ေနာ္မန္ ( Norman ) ေရာက္လာပါတယ္။ ဖ်ဴရီ ရဲ႕ အဖြဲ႕သားေတြက အေတြ႕အႀကဳံမရွိ တဲ့ ေနာ္မန္ကို မလိုလားၾကပါဖူး။ တစ္ရက္ေတာ့ ကင္းေထာက္ထြက္ရင္း ဖ်ဴရီေပၚမွ ကင္းတာဝန္ယူထားတဲ့ ေနာ္မန္က ရန္သူကိုျမင္လိုက္ေပမယ့္ ဆယ္ေက်ာ္သက္အ႐ြယ္ျဖစ္ေနတာမို႔ သတ္ဖို႔လက္မရဲတဲ့အတြက္ အေမရိကန္တပ္မွ တင့္ကားတစ္စီးပ်က္စီးကာ စစ္သားမ်ားလည္း အနိုင္ရသြားပါတယ္။ ေကာ္လီရာက ေနာ္မန္ကို ေဒါသတႀကီးဆူပူကာ အရွင္မိထားတဲ့ ဂ်ာမန္သုံ႕ပန္းတစ္ေယာက္ကို သူ႕ေရွ႕မွာတင္ ေသနတ္နဲ႕ပစ္ခိုင္းခဲ့ပါတယ္။ ေနာက္ဆုံးမွာေတာ့  ရန္သူကိုမသတ္ရဲတဲ့ ေနာ္မန္ကို ေကာ္လီယာကိုယ္တိုင္ အတင္းဖမ္းခ်ဳပ္ၿပီး လက္ထဲကိုေသနတ္အတင္းထည့္ကာ ရန္သူကိုပစ္သတ္လိုက္ပါတယ္။
ဖ်ဴရီအပါအဝင္ တျခားတင့္ကားတပ္ဖြဲ႕ေတြက ရိကၡာပို႔ယဥ္ေတြကို ကာကြယ္ဖို႔ အေရးပါတဲ့လမ္းေၾကာင္း တစ္ေလ ွ်ာက္ စစ္ဆင္ေရးလုပ္ခဲ့ရာ ဂ်ာမနီဘက္မွ အႀကီးစားတင့္ကား Tiger 1 နဲ႕ရင္ဆိုင္ရတဲ့အတြက္ တျခားတင့္ကားေတြအားလုံး ပ်က္ဆီးကာ ဖ်ဴရီတစ္စီးပဲ က်န္ရစ္ပါတယ္။ အျပန္လမ္းွာ ေျမျမႇုပ္မိုင္းတစ္ခုကို နင္းမိၿပီး ဖ်ဴရီရဲ႕ ဘီးေတြပ်က္ဆီးသြားပါတယ္။
ေကာ္လီရာက ေနာ္မန္ကို အနားက ေတာင္ကုန္းေပၚမွာ ကင္းေစာင့္ခိုင္းထားၿပီး က်န္တဲ့သူေတြနဲ႕ ဖ်ဴရီကို ျပင္ဖို႔ႀကိဳးစားပါတယ္။ ေနာ္မန္ကင္းေစာင့္ေနစဥ္အတြင္း ဂ်ာမန္စစ္သား သုံးရာေက်ာ္ဟာ စစ္သီခ်င္းသံၿပိဳင္ဆိုကာ ဖ်ဴရီရွိတဲ့ လမ္းတည့္တည့္ကို ခ်ီတက္လာေနေၾကာင့္ ေတြ႕လိုက္ရပါေတာ့တယ္။
အဲ့ဒီအေၾကာင္းကို ေနာ္မန္က ေကာ္လီရာဆီ အခ်ိန္မီေရာက္ေအာင္ အျမန္သတင္းပို႔လိုက္ပါတယ္။ ေကာ္လီရာက ဖ်ဴရီတပ္ဖြဲ႕ဝင္ေတြျဖစ္တဲ့ ဘိုင္ဘယ္ ၊ ကြန္းအက္စ္  ၊ေဂၚဒို  နဲ႕ ေနာ္မန္တို႔ကို လက္နက္ က်ည္ဆံအျပည့္ေပးၿပီး အကာအကြယ္ရွိရာ ေတာတန္းဆီကို ဆုတ္ခြာခိုင္းပါတယ္။ သူကိုယ္တိုင္ကေတာ့ ဖ်ဴရီေပၚမွ စက္ေသနတ္ကို က်ည္ျဖည့္ကာ ေစာင့္ေနခဲ့ပါတယ္။
လက္တြဲညီတဲ့ ဖ်ဴရီ ဘက္ေတာ္သားေတြက ေခါင္းေဆာင္ျဖစ္တဲ့ ေကာ္လီရာကိုမထားခဲ့ နိုင္ၾကပဲ ဘီးေတြပ်က္ဆီးသြားလို႔ မေ႐ြ႕လ်ားနိုင္ေတာ့တဲ့ ဖ်ဴရီေပၚမွေနၿပီး ရန္သူအင္အား သုံးရာေက်ာ္ကို ခုခံဖို႔ ဆုံးျဖတ္လိုက္ၾကပါေတာ့တယ္။
သူတို႔ ၅ေယာက္က လက္နက္၊ က်ည္၊ လက္ပစ္ဗုံး ရသမ ွ်စုစည္းကာ ဖ်ဴရီကိုလည္း တင့္ကားအပ်က္သဖြယ္ ျပင္ဆင္ၿပီး ရန္သူတပ္ႀကီးအလာကို တင့္ကားအတြင္းမွ တိတ္ဆိတ္စြာေစာင့္ဆိုင္းေနပါေတာ့တယ္။
တင့္ကားကို သန႔္ရွင္းေရးလုပ္ဖို႔အသြား ကားအတြင္းမွ ခႏၥာကိုယ္အပိုင္းအျပတ္ကို ျမင္ၿပီး ေၾကာက္လန႔္ကာထြက္ေျပးခဲ့ရတဲ့ ေနာ္မန္က အခုေတာ့ ဖ်ဴရီရဲ႕ အားကိုးရတဲ့ စစ္သားတစ္ေယာက္ျဖစ္ေနပါၿပီ။ ေခါင္းေဆာင္ျဖစ္တဲ့ ေကာ္လီရာက ဖ်ဴရီကိုေရာက္လာတဲ့ သူ႕လက္ေအာက္ငယ္သားအားလုံးကို ေဘးကင္းေစရမယ္လို႔ အာမခံကာ သူကိုယ္တိုင္က တင့္ကားအတြင္းမွာဘယ္ေတာ့မွမေနပဲ တင့္ကားအမိုးမွာေခါင္းထြက္ကာ တိုက္ပြဲျမင္ကြင္းကို ေသခ်ာၾကည့္ၿပီး ႀကီးၾကပ္ကြပ္ကဲတဲ့အတြက္ ရန္သူ႕တပ္နဲ႕ေတြ႕တိုင္း ဖ်ဴရီက အနိုင္ရခဲ့တာခ်ည္းပဲျဖစ္ပါတယ္။
ဒီတစ္ခါ တိုက္ပြဲကေတာ့ ဖ်ဴရီအတြက္ ေနာက္ဆုံးတိုက္ပြဲျဖစ္မလား ။ ရန္သူဘက္မွအင္အားမ်ားေပမယ့္ တင့္ကားမပါတဲ့အတြက္ ဖ်ဴရီအတြက္ ေမ ွ်ာ္လင့္ခ်က္ရွိနိုင္မလား။ ေကာ္လီရာရဲ႕ ကြပ္ကဲမႈနဲ႕ဖ်ဴရီတပ္ဖြဲ႕ဝင္ေတြ အရင္လိုပဲ ေအာင္ပြဲခံနိုင္မလား ဆိုတာကိုေတာ့ ပိတ္ကားထက္မွာ ဆက္လက္ရႈစားၾကည့္ေစလိုပါတယ္။
ဖ်ဴရီက စစ္ပြဲ ရိုက္ကြင္းအျပင္အဆင္၊ သ႐ုပ္ေဆာင္ေတြရဲ႕ ပီျပင္မႈ ေတြေၾကာင့္ ေဝဖန္ေရးဆရာေတြရဲ႕ ခ်ီးက်ဴးမႈကို ခံရတဲ့ စစ္ကားေကာင္းတစ္ကားျဖစ္ပါတယ္။ အထူးသျဖင့္ ေခါင္းေဆာင္မင္းသား ဘရက္ပစ္ရဲ႕ ေကာ္လီရာဇတ္႐ုပ္အေပၚ ပီျပင္မႈကလည္း ဇာတ္ရွိန္ကို ျမင့္တက္ေစပါတယ္။ ပါဝင္တဲ့ သ႐ုပ္ေဆာင္ေတြကေတာ့ ဖ်ဴရီဇာတ္ကားရဲ႕ သတင္းစာရွင္းလင္းပြဲမွာေတာ့ စစ္ကိုေတြ႕ႀကဳံခံစားရတဲ့ သာမန္မိသားစုေတြလိုပဲ ဖ်ဴရီတပ္ဖြဲ႕ဝင္ေတြကလည္း သူတို႔ရဲ႕ တင့္ကားနဲ႕ မိသားစုဝင္ေတြျဖစ္တဲ့ တင့္ကားအဖြဲ႕ဝင္ေတြကို အခ်င္းခ်င္းကာကြယ္ေစာင့္ေရွာက္ပုံကို ရိုက္ကူးထားတာျဖစ္ေၾကာင္း ေျပာခဲ့ၾကပါတယ္။
႐ုပ္ရွင္အစအဆုံး စစ္အနိဌာ႐ုံမ်ားကိုလည္း ပီျပင္စြာ ၾကည့္ရမယ့္ဒီဇာတ္ကားက လက္ရွိမွာ  IMDB rating 7.6 ရရွိထားပါတယ္။ မင္းသား ဘရက္ပစ္ ဦးေဆာင္ပါဝင္ၿပီး End of Watch (2012) , Training Day (2001), The Fast and Furious (2001) တို႔ရဲ႕ နံမည္ေက်ာ္ဒါရိုက္တာ ေဒးဗစ္အိုင္ယာက ထုတ္လုပ္သူ ဒါရိုက္တာ အေနနဲ႕ရိုက္ကူးထားတာျဖစ္ပါေၾကာင္း…
(႐ုပ္ရွင္အၫႊန္းကို mmmovieguide မွကူးယူေဖာ္ျပပါသည္။)


File size - 950MB
ဒီမွာေဒါင္းပါ - https://mm1ink.net/tb1uP






File size - 387MB
ဒီမွာေဒါင္းပါ - https://mm1ink.net/cWMBcTPD








မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   




Share this article :

Post a Comment