Welcome to My Channel. Thanks all ❤❤

Home » » Sicario (2015)

Sicario (2015)


(unicode)
Sicario (2015)
IMDb (7.7/10)
Rotten Tomatoes (93%)
ဒီကားက အရမ်းကောင်းလွန်းလို့ Pre-Screening အပြီးမှာထဲက Sequel ထပ်ထွက်ဖို့ အတည်ပြုလိုက်ရတဲ့ အထိ ပရိတ်သတ်အားပေးမှုရခဲ့ပါတယ်။ဒီကားအကြောင်းကို ပြောရာမှာ Spoiler တွေပါမှာ ဖြစ်တယ်လို့ ကြိုသတိပေးချင်ပါတယ်။ဒီဇာတ်ကားရဲ့ နာမည် Sicario ဆိုတဲ့နာမည်က စပိန်ဘာသာစကားဖြစ်ပြီး အဓိပ္ပာယ်က Hitman (လူသတ်သမား) လို့ အဓိပ္ပာယ်ရပါတယ်။ Mexican Cartel (မက္ကဆီကန် ဘိန်းဘုရင်တွေ) က အမေရိကားနဲ့ မက္ကဆီကို နယ်စပ်ကနေတဆင့် ဘိန်းဖြူတွေသွင်းနေသလို အမေရိကန်နိုင် အတွင်း မှာ ပါ လူသတ် ပြန်ပေးဆွဲ အလုပ်တွေလုပ် နေကြပါတယ်။ ၂၀၁၀ ဝန်းကျင်က တကယ့်ဖြစ်ရပ်တွေဖြစ်ပြီး၊ မက္ကဆီကန် ဘိန်းဘုရင်တွေ ရဲ့ ရက်စက်ယုတ်မာ ကြမ်းကြုတ်မှုတွေကို တွေ့ရမှာဖြစ်သလို ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင် ကောင်းကောင်းနဲ့ ရိုက်ကူးတင်ဆက်ထားနိုင်ပါတယ်။ဇာတ်ကားအကြောင်းမပြောခင် ဇာတ်ကားက ရာဇဝတ်သားတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အသတ်ခံရမှုတွေကို ပီပီပြင်ပြင် တင်ဆက်ထားတာကြောင့် ဒီကားကို ကလေးတွေကြည့်ဖို့မသင့်သလို၊ စိတ်မခိုင်သူတွေ မကြည့်သင့်ပါဘူး။ ဇာတ်လမ်းမှာ မင်းသမီးချော Emily Blunt (Edge of Tomorrow) က FBI Agent Kate အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ကားအစမှ သူမနဲ့ အဖွဲ့က ပြန်ပေးဆွဲခံရသူတွေကို ကယ်ဖို့ Cartel တွေရဲ့ အိမ်ကို ဝင်စီးရာက အိမ်နံရံကြားထဲထည့်ထားတဲ့ လူသေအလောင်းတွေ ကို တွေ့ခဲ့ရပါတယ်။ ဒီလူသေတွေက ဂိုဏ်းဂိုဏ်းချင်းနယ်လူကြရာက (Turf War) အသတ်ခံရတာဖြစ်ပါတယ်။ ဒါထက်ပိုဆိုးသွားတာက သူတို့ ဝင်စစ်ဆေးနေတုန်း ကားဂိုထောင်ထဲက ဗုံးပေါက်ကွဲပြီး ရဲနှစ်ဦးသေဆုံးခဲ့ရပါတယ်။ဒီနောက်မှာ Josh Brolin (Men in Black 3) ရဲ့ ဇာတ်ကောင် Matt Graver က Kate ကို သူအဖွဲ့မှာပါဝင်ဖို့ ဖိတ်ခေါ်ခဲ့ပြီး၊ သူတို့ အဖွဲ့က မက္ကဆီကန် ဂိုဏ်းခေါင်းဆောင် ကြီးကို ရှာဖွေဖမ်းဆီးဖို့ တာဝန်ယူထားပြီး၊ သူမရဲ့ အရည်အချင်းကို သဘောကျလို့ ခေါ်ယူတယ်လို့ဆိုပါတယ်။ ဒီအဖွဲ့မှာ နောက်ထပ် ထပ်ပါလာတာက မင်းသားကြီး Benicio del Toro ရဲ့ ဇာတ်ကောင် Alejandro ပါပါဝင်လာပါတယ်။ ဒီဇာတ်ကောင်က ဇာတ်ကားရဲ့ အဓိက ဇာတ်ကောင်ဖြစ်ပြီး၊ ဇာတ်လမ်းအစမှာ သူ့ရဲ့ အကြောင်းကို ဂဂဃဃ မပြထားတာကလည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ဒီလိုနဲ့ သူတို့ အဖွဲ့က El Paso, Taxes (U.S) ကနေ Juarez (ဟွာယက်စ်) (Mexico) ဘက်ကို ကူးသွားပြီး Cartel Leader ရဲ့ ညီ ဖြစ်သူ တစ်ဦးကို သွားခေါ်လာတာဖြစ်ပြီး ဒီဇာတ်ဝင်ခန်းမှာ ဒုစရိုက်မှုတွေ ကြီးစိုးနေတဲ့ Juarez မြို့ရဲ့ အကျည်းတန် ရုပ်ဆိုးမှုတွေကို ပြသထားပြီး၊ ဒါရိုက်တာရဲ့ အရည်အချင်းကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ US ကနေ မက္ကဆီကို ကိုသွားတဲ့ အခန်းကို လေပေါ်ကနေစီးပြီး ရိုက်ထားတဲ့ အခန်း (Ariel Shot) နဲ့ ရိုက်ထားတာ အရမ်း ပညာသားပါပြီး၊ ဇာတ်ဝင်ခန်းရဲ့ အရေးကြီးပုံ၊ စိတ်လှုပ်ရှားမှုကောင်းပုံကို ပိုပြီး ထိရောက်စေပြီး၊ ပရိတ်သတ်ကို ပိုဆွဲဆောင်ထားနိုင်ပါတယ်။
ဒီကနေစပြီး Cartel ခေါင်းဆောင်ကို လိုက်ရှာရင်းက Kate တစ်ယောက် သူမထင်ထားသလို မဟုတ်ဘူးဆိုတာ သိလာရပါတယ်။ Matt Graver က ဇာတ်လမ်းအစမှာ Department of Defense (ကာကွယ်ရေးဝန်ကြီးဌာန) ကလို့ ဆိုပေမယ့်၊ တကယ်တမ်းမှာ CIA ကဖြစ်နေမှန်းသိလိုက်ရပါတယ်။ အမေရိကားနိုင်ငံရဲ့ ဥပဒေအရ CIA က နိုင်ငံအတွင်းမှာ ဘာအာဏာမှမရှိသလို၊ အမေရိကန်နိုင်ငံအတွင်းမှာ လှုပ်ရှားမယ်ဆိုရင် FBI နဲ့ ပူးပေါင်းရပါတယ်။ ဒါကြောင့် Emily Blunt ရဲ့ ဇာတ်ကောင် ဖြစ်တဲ့ Kate ကို သူတို့ အဖွဲ့မှာ ပါဝင်အောင် ခေါ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Benicio Del Toro ရဲ့ ဇာတ်ကောင်ရဲ့ နောက်ကြောင်းကိုလည်း တဖြည်းဖြည်း သိလာရပါတယ်။အရမ်းကြည့်လို့ကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး သရုပ်ဆောင်၊ ဇာတ်လမ်းနဲ့ ဒါရိုက်တာ အားလုံး ကောင်းပါတယ်။ ဒီကားက Oscar စာရင်းဝင်မှာ ဖြစ်ပြီး နွေရာသီအပြီးမှာ ထွက်တဲ့ ကားတွေအကုန်လုံးက အကယ်ဒမီ မှန်းတဲ့ ကားတွေဖြစ်လာတွေ့ရမှာပါ။ ဒီကားမှာ ဆိုရင် Benicio Del Toro က သရုပ်ဆောင် အရမ်းကောင်းသလို၊ စိတ်ဝင်စားဖို့လည်းကောင်းပါတယ်။ Benicio Del Toro ကို မသိရင် သူက လက်ရှိ နောက်ဆုံး Guardian of the Galaxy ထဲမှာ The Collector အဖြစ်ပါပြီး၊ အရင်တုန်းကဆိုရင် Che:Part One and Two, The Wolfman, The Usual Suspects, Snatch စတဲ့ကားတွေမှာ ပါဝင်ဖူးပါတယ်။ ဒီကားထဲမှာ သရုပ်ဆောင်တာ အရမ်းကောင်းပြီး၊ သူ့ရဲ့ ဇာတ်ကောင်က လျှို့ဝှက်ချက်တွေ ပြည့်နေသလို၊ ရက်စက်ပြီး လူလေးစားလောက်တဲ့၊ လူရှိန်လောက်တဲ့ ဇာတ်ကောင်ဖြစ်အောင်လည်း သရုပ်ဆောင်ထားနိုင်ပါတယ်။Emily Blunt နဲ့ Josh Brolin တို့ကလည်း သရုပ်ဆောင်ကောင်းသလို၊ ဒါရိုက်တာ ကလည်း ရိုက်ကူးထားတာ တော်ပါတယ်။ ရိုက်ချက်တွေ ကောင်းသလို အက်ရှင် ဇာတ်ဝင်ခန်းတွေ ရိုက်ကူးရာမှာလည်း ရှင်းလင်းပြတ်သားပြီး ဇာတ်လမ်းကလည်း တင်ဆက်ထား ပုံအရမ်းကောင်းပါတယ်။ကြည့်ကိုကြည့်သင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး ရုံမှာ သွားကြည့်သင့်ပါတယ်။ အနုပညာမြောက်ပြီး ဇာတ်လမ်းလည်း စိတ်ဝင်စားဖို့ကောင်းပါတယ်။ Mad Max: Fury Road အပြီး ဒီနှစ်ရဲ့ အကြိုက်ဆုံးကားဖြစ်ပါတယ်။ Matt Daemon ရဲ့ The Martian ကလည်း ဇာတ်ကားကောင်းဖြစ်ပေမယ့် ဒီကားကို ပိုကြိုက်ပါတယ်။ Rated-R ဖြစ်ပြီး သွေးထွက်သံယိုတွေပါသလို၊ လူသေအလောင်းတွေ၊ လူသတ်တာတွေ ရက်ရက်စက်စက် ပါလို့ ကလေးတွေမကြည့်သင့်ပါဘူး။ မိသားစုတူတူ ကြည့်နိုင်ပေမယ့် အထက်ပြောခဲ့သလို ရက်စက် ကြမ်းကြုတ်မှုတွေပါတာကိုတော့သတိပြုရမှာပါ။
Juarez မြို့မှာဆိုရင် ဘိန်းဂိုဏ်းတွေက ကလေးလူကြီး မိန်းမ မကျန် သတ်ဖြတ်ပြီး လူသေအလောင်းတွေကို မြို့လယ်ခေါင်မှာ ကိုယ်လုံးတီး ချိတ်ဆွဲထားတာ တွေဇာတ်လမ်းထဲမှာ ပါပြီး၊ အပြင်မှာလည်း တကယ် ကိုအဲ့ဒီလိုပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘိန်းဘုရင်တစ်ယောက် အဖမ်းခံရရင်ဖြစ်ဖြစ် အသတ်ခံရရင်ဖြစ်ဖြစ်၊ အောက်က အဖွဲ့အသေး အသီးသီးက နယ်လုကြရာက နေ လူသတ်မှုတွေဖြစ်နေကြတာ ထုံးစံလိုဖြစ်နေပါတယ်။ နေ့စဉ်နဲ့အမျှ ပစ်ခတ်သတ်ဖြတ်နေကြတာ ဖြစ်ပြီး၊ အစိုးရကိုယ်တိုင်လည်း ဘာမှမတတ်နိုင်ပါဘူး။
Credit - CM


File size - 950MB
ဒီမှာဒေါင်းပါ - https://mm1ink.net/k1mZ





File size - 406MB
ဒီမှာဒေါင်းပါ - https://mm1ink.net/S60L9






မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   




(zawgyi)
Sicario (2015)
IMDb (7.7/10)
Rotten Tomatoes (93%)
ဒီကားက အရမ္းေကာင္းလြန္းလို႔ Pre-Screening အၿပီးမွာထဲက Sequel ထပ္ထြက္ဖို႔ အတည္ျပဳလိုက္ရတဲ့ အထိ ပရိတ္သတ္အားေပးမႈရခဲ့ပါတယ္။ဒီကားအေၾကာင္းကို ေျပာရာမွာ Spoiler ေတြပါမွာ ျဖစ္တယ္လို႔ ႀကိဳသတိေပးခ်င္ပါတယ္။ဒီဇာတ္ကားရဲ႕ နာမည္ Sicario ဆိုတဲ့နာမည္က စပိန္ဘာသာစကားျဖစ္ၿပီး အဓိပၸာယ္က Hitman (လူသတ္သမား) လို႔ အဓိပၸာယ္ရပါတယ္။ Mexican Cartel (မကၠဆီကန္ ဘိန္းဘုရင္ေတြ) က အေမရိကားနဲ႕ မကၠဆီကို နယ္စပ္ကေနတဆင့္ ဘိန္းျဖဴေတြသြင္းေနသလို အေမရိကန္နိုင္ အတြင္း မွာ ပါ လူသတ္ ျပန္ေပးဆြဲ အလုပ္ေတြလုပ္ ေနၾကပါတယ္။ ၂၀၁၀ ဝန္းက်င္က တကယ့္ျဖစ္ရပ္ေတြျဖစ္ၿပီး၊ မကၠဆီကန္ ဘိန္းဘုရင္ေတြ ရဲ႕ ရက္စက္ယုတ္မာ ၾကမ္းၾကဳတ္မႈေတြကို ေတြ႕ရမွာျဖစ္သလို ဇာတ္လမ္းေကာင္းေကာင္း၊ အက္ရွင္ ေကာင္းေကာင္းနဲ႕ ရိုက္ကူးတင္ဆက္ထားနိုင္ပါတယ္။ဇာတ္ကားအေၾကာင္းမေျပာခင္ ဇာတ္ကားက ရာဇဝတ္သားေတြရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြ၊ အသတ္ခံရမႈေတြကို ပီပီျပင္ျပင္ တင္ဆက္ထားတာေၾကာင့္ ဒီကားကို ကေလးေတြၾကည့္ဖို႔မသင့္သလို၊ စိတ္မခိုင္သူေတြ မၾကည့္သင့္ပါဘူး။ ဇာတ္လမ္းမွာ မင္းသမီးေခ်ာ Emily Blunt (Edge of Tomorrow) က FBI Agent Kate အျဖစ္နဲ႕ သ႐ုပ္ေဆာင္ထားၿပီး ဇာတ္ကားအစမွ သူမနဲ႕ အဖြဲ႕က ျပန္ေပးဆြဲခံရသူေတြကို ကယ္ဖို႔ Cartel ေတြရဲ႕ အိမ္ကို ဝင္စီးရာက အိမ္နံရံၾကားထဲထည့္ထားတဲ့ လူေသအေလာင္းေတြ ကို ေတြ႕ခဲ့ရပါတယ္။ ဒီလူေသေတြက ဂိုဏ္းဂိုဏ္းခ်င္းနယ္လူၾကရာက (Turf War) အသတ္ခံရတာျဖစ္ပါတယ္။ ဒါထက္ပိုဆိုးသြားတာက သူတို႔ ဝင္စစ္ေဆးေနတုန္း ကားဂိုေထာင္ထဲက ဗုံးေပါက္ကြဲၿပီး ရဲႏွစ္ဦးေသဆုံးခဲ့ရပါတယ္။ဒီေနာက္မွာ Josh Brolin (Men in Black 3) ရဲ႕ ဇာတ္ေကာင္ Matt Graver က Kate ကို သူအဖြဲ႕မွာပါဝင္ဖို႔ ဖိတ္ေခၚခဲ့ၿပီး၊ သူတို႔ အဖြဲ႕က မကၠဆီကန္ ဂိုဏ္းေခါင္းေဆာင္ ႀကီးကို ရွာေဖြဖမ္းဆီးဖို႔ တာဝန္ယူထားၿပီး၊ သူမရဲ႕ အရည္အခ်င္းကို သေဘာက်လိဳ႕ ေခၚယူတယ္လို႔ဆိုပါတယ္။ ဒီအဖြဲ႕မွာ ေနာက္ထပ္ ထပ္ပါလာတာက မင္းသားႀကီး Benicio del Toro ရဲ႕ ဇာတ္ေကာင္ Alejandro ပါပါဝင္လာပါတယ္။ ဒီဇာတ္ေကာင္က ဇာတ္ကားရဲ႕ အဓိက ဇာတ္ေကာင္ျဖစ္ၿပီး၊ ဇာတ္လမ္းအစမွာ သူ႕ရဲ႕ အေၾကာင္းကို ဂဂဃဃ မျပထားတာကလည္း ပိုၿပီး စိတ္ဝင္စားဖို႔ ေကာင္းပါတယ္။ဒီလိုနဲ႕ သူတို႔ အဖြဲ႕က El Paso, Taxes (U.S) ကေန Juarez (ဟြာယက္စ္) (Mexico) ဘက္ကို ကူးသြားၿပီး Cartel Leader ရဲ႕ ညီ ျဖစ္သူ တစ္ဦးကို သြားေခၚလာတာျဖစ္ၿပီး ဒီဇာတ္ဝင္ခန္းမွာ ဒုစရိုက္မႈေတြ ႀကီးစိုးေနတဲ့ Juarez ၿမိဳ႕ရဲ႕ အက်ည္းတန္ ႐ုပ္ဆိုးမႈေတြကို ျပသထားၿပီး၊ ဒါရိုက္တာရဲ႕ အရည္အခ်င္းကိုလည္း ေတြ႕ရမွာ ျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ US ကေန မကၠဆီကို ကိုသြားတဲ့ အခန္းကို ေလေပၚကေနစီးၿပီး ရိုက္ထားတဲ့ အခန္း (Ariel Shot) နဲ႕ ရိုက္ထားတာ အရမ္း ပညာသားပါၿပီး၊ ဇာတ္ဝင္ခန္းရဲ႕ အေရးႀကီးပုံ၊ စိတ္လႈပ္ရွားမႈေကာင္းပုံကို ပိုၿပီး ထိေရာက္ေစၿပီး၊ ပရိတ္သတ္ကို ပိုဆြဲေဆာင္ထားနိုင္ပါတယ္။
ဒီကေနစၿပီး Cartel ေခါင္းေဆာင္ကို လိုက္ရွာရင္းက Kate တစ္ေယာက္ သူမထင္ထားသလို မဟုတ္ဘူးဆိုတာ သိလာရပါတယ္။ Matt Graver က ဇာတ္လမ္းအစမွာ Department of Defense (ကာကြယ္ေရးဝန္ႀကီးဌာန) ကလို႔ ဆိုေပမယ့္၊ တကယ္တမ္းမွာ CIA ကျဖစ္ေနမွန္းသိလိုက္ရပါတယ္။ အေမရိကားနိုင္ငံရဲ႕ ဥပေဒအရ CIA က နိုင္ငံအတြင္းမွာ ဘာအာဏာမွမရွိသလို၊ အေမရိကန္နိုင္ငံအတြင္းမွာ လႈပ္ရွားမယ္ဆိုရင္ FBI နဲ႕ ပူးေပါင္းရပါတယ္။ ဒါေၾကာင့္ Emily Blunt ရဲ႕ ဇာတ္ေကာင္ ျဖစ္တဲ့ Kate ကို သူတို႔ အဖြဲ႕မွာ ပါဝင္ေအာင္ ေခၚခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ Benicio Del Toro ရဲ႕ ဇာတ္ေကာင္ရဲ႕ ေနာက္ေၾကာင္းကိုလည္း တျဖည္းျဖည္း သိလာရပါတယ္။အရမ္းၾကည့္လို႔ေကာင္းတဲ့ ဇာတ္ကားေကာင္းတစ္ကားျဖစ္ၿပီး သ႐ုပ္ေဆာင္၊ ဇာတ္လမ္းနဲ႕ ဒါရိုက္တာ အားလုံး ေကာင္းပါတယ္။ ဒီကားက Oscar စာရင္းဝင္မွာ ျဖစ္ၿပီး ႏြေရာသီအၿပီးမွာ ထြက္တဲ့ ကားေတြအကုန္လုံးက အကယ္ဒမီ မွန္းတဲ့ ကားေတြျဖစ္လာေတြ႕ရမွာပါ။ ဒီကားမွာ ဆိုရင္ Benicio Del Toro က သ႐ုပ္ေဆာင္ အရမ္းေကာင္းသလို၊ စိတ္ဝင္စားဖို႔လည္းေကာင္းပါတယ္။ Benicio Del Toro ကို မသိရင္ သူက လက္ရွိ ေနာက္ဆုံး Guardian of the Galaxy ထဲမွာ The Collector အျဖစ္ပါၿပီး၊ အရင္တုန္းကဆိုရင္ Che:Part One and Two, The Wolfman, The Usual Suspects, Snatch စတဲ့ကားေတြမွာ ပါဝင္ဖူးပါတယ္။ ဒီကားထဲမွာ သ႐ုပ္ေဆာင္တာ အရမ္းေကာင္းၿပီး၊ သူ႕ရဲ႕ ဇာတ္ေကာင္က လွ်ို႔ဝွက္ခ်က္ေတြ ျပည့္ေနသလို၊ ရက္စက္ၿပီး လူေလးစားေလာက္တဲ့၊ လူရွိန္ေလာက္တဲ့ ဇာတ္ေကာင္ျဖစ္ေအာင္လည္း သ႐ုပ္ေဆာင္ထားနိုင္ပါတယ္။Emily Blunt နဲ႕ Josh Brolin တို႔ကလည္း သ႐ုပ္ေဆာင္ေကာင္းသလို၊ ဒါရိုက္တာ ကလည္း ရိုက္ကူးထားတာ ေတာ္ပါတယ္။ ရိုက္ခ်က္ေတြ ေကာင္းသလို အက္ရွင္ ဇာတ္ဝင္ခန္းေတြ ရိုက္ကူးရာမွာလည္း ရွင္းလင္းျပတ္သားၿပီး ဇာတ္လမ္းကလည္း တင္ဆက္ထား ပုံအရမ္းေကာင္းပါတယ္။ၾကည့္ကိုၾကည့္သင့္တဲ့ကားေကာင္းတစ္ကားျဖစ္ၿပီး ႐ုံမွာ သြားၾကည့္သင့္ပါတယ္။ အႏုပညာေျမာက္ၿပီး ဇာတ္လမ္းလည္း စိတ္ဝင္စားဖို႔ေကာင္းပါတယ္။ Mad Max: Fury Road အၿပီး ဒီႏွစ္ရဲ႕ အႀကိဳက္ဆုံးကားျဖစ္ပါတယ္။ Matt Daemon ရဲ႕ The Martian ကလည္း ဇာတ္ကားေကာင္းျဖစ္ေပမယ့္ ဒီကားကို ပိုႀကိဳက္ပါတယ္။ Rated-R ျဖစ္ၿပီး ေသြးထြက္သံယိုေတြပါသလို၊ လူေသအေလာင္းေတြ၊ လူသတ္တာေတြ ရက္ရက္စက္စက္ ပါလို႔ ကေလးေတြမၾကည့္သင့္ပါဘူး။ မိသားစုတူတူ ၾကည့္နိုင္ေပမယ့္ အထက္ေျပာခဲ့သလို ရက္စက္ ၾကမ္းၾကဳတ္မႈေတြပါတာကိုေတာ့သတိျပဳရမွာပါ။
Juarez ၿမိဳ႕မွာဆိုရင္ ဘိန္းဂိုဏ္းေတြက ကေလးလူႀကီး မိန္းမ မက်န္ သတ္ျဖတ္ၿပီး လူေသအေလာင္းေတြကို ၿမိဳ႕လယ္ေခါင္မွာ ကိုယ္လုံးတီး ခ်ိတ္ဆြဲထားတာ ေတြဇာတ္လမ္းထဲမွာ ပါၿပီး၊ အျပင္မွာလည္း တကယ္ ကိုအဲ့ဒီလိုပဲျဖစ္ပါတယ္။ အထူးသျဖင့္ ဘိန္းဘုရင္တစ္ေယာက္ အဖမ္းခံရရင္ျဖစ္ျဖစ္ အသတ္ခံရရင္ျဖစ္ျဖစ္၊ ေအာက္က အဖြဲ႕အေသး အသီးသီးက နယ္လုၾကရာက ေန လူသတ္မႈေတြျဖစ္ေနၾကတာ ထုံးစံလိုျဖစ္ေနပါတယ္။ ေန႕စဥ္နဲ႕အမွ် ပစ္ခတ္သတ္ျဖတ္ေနၾကတာ ျဖစ္ၿပီး၊ အစိုးရကိုယ္တိုင္လည္း ဘာမွမတတ္နိုင္ပါဘူး။
Credit - CM


File size - 950MB
ဒီမွာေဒါင္းပါ - https://mm1ink.net/k1mZ





File size - 406MB
ဒီမွာေဒါင္းပါ - https://mm1ink.net/S60L9






မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockျဖစ္ၿပီးေဒါင္းမရျဖစ္ေနသူမ်ားအတြက္
ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   





Share this article :

Post a Comment