(unicode)
No One Kill Jessica
No One Kill Jessica
အထက်တန်းစားတွေရဲ့ ဧည့်ခံပွဲတစ်ခုမှာ စားပွဲထိုးပေးနေတဲ့ ဂျက်ဆီကာ ဆိုတဲ့ ကောင်မလေးတစ်ယောက်။
အချိန်လွန်မှရောက်လာတဲ့ လူသုံးယောက်ကို ဧည့်ခံဖို့ ငြင်းဆန်ခဲ့မိရာကနေ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဂျက်ဆီကာကို သေနတ်နဲ့
ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မနစ်ရှ်ဟာ အိနိ္ဒယရဲ့ အကြီးစားနိုင်ငံရေးသမား တစ်ယောက်ရဲ့
သားပါ။ ဒီအဖြစ်အပျက်ကို မျက်မြင်သက်သေမြောက်မြားစွာ ရှိခဲ့ပေမယ့် ထွက်ချက်ပေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ နောက်မှ
ဂျက်ဆီကာရဲ့ အစ်မဖြစ်သူ ဆက်ဘရီးနား (vidya balan) သိလိုက်ရတာကတော့ သူတို့ဟာ သူတို့ရဲ့ ထွက်ဆိုချက်ကို
ဈေးအမြင့်ဆုံးလူကို ရောင်းစားဖို့ပဲ ဆန္ဒရှိနေကြတယ်ဆိုတာပါပဲ။
.
လိုရာဆွဲလို့ရတဲ့ ဥပဒေလစ်ဟာမှုတွေ ဘက်လိုက်တတ်တဲ့ ခြစားအကျင့်ပျက် ဥပဒေဘက်တော်သားတွေရဲ့ စီမံမှုအောက်မှာ မာနူးနဲ့
သူ့သူငယ်ချင်းတွေကို တရားသေလွှတ်ပေးခဲ့တဲ့ နောက် အများပြည်သူ ဒေါသကိုဆွပေးခဲ့သလိုဖြစ်ခဲ့ပြီး တစ်ပြည်လုံးအနှံ့
ဆန္ဒပြပွဲတွေ အုံကြွမှုတွေနောက်မှ အမှုကိုပြန်လည်စစ်ဆေးပေးခဲ့ရတဲ့ ၁၉၉၉ ခုနှစ်က တက်သစ်စ မော်ဒယ် တစ်ဦးဖြစ်တဲ့ Jessica Lal
အသတ်ခံရမှုကို အခြေခံရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ ငွေကြေးအရရော ဝေဖန်ရေးသမားတွေဆီက အကောင်းမြင် ရီဗျူးတွေနဲ့
အစစအရာရာ အောင်မြင်ခဲ့ပါတယ်။ ခေါင်းဆောင် မင်းသမီးနှစ်ဦးရဲ့ အတွဲညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့ အတူ ၅၇ ကြိမ်မြောက်
Filmfare award မှာ အကောင်းဆုံးဇာတ်ကားဆု အပါအဝင် ဆုလေးခု ဆန်ကာတင်ဝင်ခဲ့ပြီး မမရာနီးဟာ အကောင်းဆုံး
အမျိုးသမီး ဇာတ်ဆောင်ဆုကိုထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။
(အညွှန်းနဲ့ဘာသာပြန်သူ ကိုဝေဟံလင်းထင်ဖြစ်ပါတယ်)
Credit
Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
No One Kill Jessica
No One Kill Jessica
ပစ်သတ်ခဲ့ပါတယ်။ အဲ့ဒီသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ မနစ်ရှ်ဟာ အိန္ဒိယရဲ့ အကြီးစားနိုင်ငံရေးသမား တစ်ယောက်ရဲ့
.
Credit
👇👇👇👇
👇👇👇👇
Post a Comment