(unicode)
Lone Survivor (2013)
----------------------------
2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Lone Survivor ဇာတ်ကားကတော့ အကောင်းဆုံး စစ်ကားတွေထဲက တစ်ကားလို့ပြောရရင် မမှားဘူးပေါ့ဗျာ။ တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီးရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားဆိုတော့ သာမန်စစ်ကားနဲ့ကြည့်ရတာမတူတော့ပဲ ခံစားမှုရသတွေပိုပေးနိုင်တဲ့စစ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာ ဇာတ်လမ်းအနေနဲ့ ကတော့ ဘာမှသိပ်မရှိပေမဲ့ အဲ့ဒီဘာမှသိပ်မရှိတဲ့ ဇာတ်လမ်းကိုပဲ အကောင်းဆုံးတင်ဆက်ရိုက်ပြသွားနိုင်တာကတော့ အံ့သြလောက်ပါတယ်။
.
ဒီဇာတ်ကားထဲမှာ Director က Closeup Shot တော်တော်များများကိုအသုံးပြုထားတာတွေ့ရပါတယ်။ နောက်ပြီးတော့ Low Angle Shot တွေသုံးပြီး စစ်သားတွေကိုရိုက်ပြထားတာကတော့ တော်တော်လေးကိုမိုက်တယ်။ ပြောရမယ်ဆိုရင် ဒီဇာတ်ကားကိုဘာကြောင့် အရမ်းသဘောကျလဲဆိုတော့ Reality ဖြစ်လို့ပါ။ တစ်ချို့စစ်ကားတွေလို အဓိက စစ်သားတစ်ယောက်ပဲ စွန်းကြမ်း ၊ အဲ့ဒီတစ်ယောက်ကိုပဲ အဓိကထားရိုက်ပြထားတာမဟုတ်ပဲ Mark Wahlberg အပြင်သူ့ အဖွဲ့သား သုံးယောက်လုံးကိုပါ သေသေချာချာပေါ်လွင်အောင်ရိုက်ပြထားနိုင်ပါတယ်။ သူတို့ လေးယောက်ကြားက Chemistry ကလဲမဆိုးပါဘူး။
.
ပြီးတော့ တိုက်ပွဲဖြစ်တဲ့အခန်းတွေဆိုရင်တော့ ရိုက်ပြထားတာတော်တော်ကိုကောင်းပါတယ်။ သူတို့တွေ ကျောက်တောင်တွေပေါ်က ခုန်ချတဲ့အခန်းဆိုရင် ကြည့်နေတဲ့လူတောင်နာနေသလို ၊ အရိုးတွေပါကျိုးနေသလိုမျိုး ခံစားရလောက်အောင် ရိုက်ပြထားနိုင်တာကိုတွေ့ရပါတယ်။ ဇာတ်ကားတစ်ခုလုံးမှာ Lighting ကအစ သေချာဂရုစိုက်ထားတာကြောင့် အရမ်းကြီး Burn ထွက်နေတဲ့အကွက်တွေကိုလဲသိပ်မတွေ့ရပါဘူး။ Hard Light သုံးဖို့လိုအပ်တဲ့နေရာမှာ Hard Light တွေသုံးပြီး Soft Light လိုအပ်တဲ့နေရာတွေမှာ Soft Light တွေကိုအသုံးပြုထားတာကြောင့် Lighting နဲ့ပက်သက်ပြီးတော့လဲ အတော်ကိုဂရုစိုက်ထားတာသေချာပါတယ်။
.
ဒီဇာတ်ကားမှာ အားနည်းချက်ကတော့ ဇာတ်လမ်းသိပ်မရှိတာအပြင် သေနတ်ပစ်တဲ့အခါ မီးပွင့်တဲ့နေရာမှာထည့်သွင်းတဲ့ CGI ကတော့ တော်တော်သိသာနေတာကိုတွေ့ရပါတယ်။ ကြည့်တဲ့အခါ အဲ့ဒီအခန်းလေးတွေကို သတိထားကြည့်ရင်တွေ့ပါလိမ့်မယ်။ မီးပွင့်တဲ့နေရာမှာ လိုအပ်သလောက် Particle တွေမထည့်ထားပဲ ဒီတိုင်းကြီးပဲ အဝါရောင်မီးဖောက်လိုက်သလိုဖြစ်နေပါတယ်။ ပြီးတော့ Closeup Shot တွေတော်တော်များများသုံးထားတာကြောင့် တစ်ချို့အခန်းတွေဆိုရင် အနည်းငယ်ရှုပ်ထွေးနေတာမျိုးတွေရှိနေပါတယ်။
.
ပြောရမယ်ဆိုရင် Lone Survivor (2013) ဇာတ်ကားက တော်တော်ကိုကောင်းတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားက တခြားအပြစ်ပြောစရာတော့သိပ်မရှိပါဘူး။ စစ်ကားဆိုပေမဲ့လဲ ဒီကားထဲမှာ Drama အခန်းတွေလဲပါနေတော့ Feel တွေလိုချင်တဲ့ ပရိတ်သတ်တွေပါရင်လဲကြိုက်ကြမယ်လို့ထင်ပါတယ်။ တကယ်လို့စစ်ကားကို ရှုခင်းတွေကောင်းကောင်း ၊ တင်ဆက်မှုကောင်းကောင်းနဲ့ သည်းထိပ်ရင်ဖိုကြည့်ချင်တယ်ဆိုရင်တော့ Lone Survivor (2013) ဟာသင့်အတွက်ပါပဲ။

Credit
File size - 1.87GB
ဒီမှာဒေါင်းပါ - https://mm1ink.net/KCBHZL

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
(zawgyi)
Lone Survivor (2013)
----------------------------
.
.
.
.


👇👇👇👇
👇👇👇👇
Post a Comment