Welcome to My Channel. Thanks all ❤❤

Home » » Godzilla: King of the Monsters (2019)

Godzilla: King of the Monsters (2019)


(unicode)
Godzilla: King of the Monsters (2019)
============================
BluRay update ပေးထားပါတယ်
ဂေါ်ဇီလာရုပ်ရှင်တော်တော်များများကို ကျွန်တော်တို့ကြည့်ဖူးကြပါတယ်..
ကြည့်လိုက်တိုင်းလည်း လူသားတွေရဲ့ဲပြသနာရှာမှု့တွေကို
ဂေါ်ဇီလာကပဲ လိုက်ဖြေရှင်းတိုက်ခိုက်ပေးနေရတာပါ…
ပြောရမယ်ဆိုရင် လူသားတွေကတိုက်တန်ကြီးတွေကိုမုန်းတယ်
ဒါပေမယ့် တကယ်တမ်းပြသနာတက်လာခဲ့ရင်လည်း
အဲဒီတိုက်တန်တွေရဲ့ဘုရင်ကြီးကပဲ ထွက်လာရတာပါပဲ….
အဲချိန်ကျမှ ဟေးခနဲ ဝါးခနဲ အသံတွေနဲ့ပျော်နေကြတာလည်း
လူသားတွေပါပဲ..
ဒီကားမှာလည်း နဂိုထဲကပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့
Ghidorah (ခေါင်းသုံးလုံးနဂါး) ကိုထွက်လာအောင်သွားလုပ်လို့
ဘုရင်ကြီးကပဲ မနေနိုင်မထိုင်နိုင်ဖြစ်ပြီးထွက်ကယ်ရပြန်ပါတယ်….
အသေချကြပါတယ်…..
အကောင်ကြီးတွေချတာကြည့်ပြီး ကြက်သီးလည်းထတယ်..
အကောင်းဆုံးကတော့ ဂေါ်ဇီလာရဲ့ theme song ပြန်ပါလာပါတယ်….
အဲအသံကိုကြားတဲ့ချိန်ပျော်တယ်ဆိုတာထက်
မိုက်တယ်ကွာလို့တောင် ပြောမိတယ်….
ကျွန်တော်တို့ ဟာခနဲ ဟင်ခနဲ ဖြစ်သွားစေတဲ့
Epic Battle တစ်ခုကိုခံစားပြီးပါပြီ…
End Game က Final Scene ပါ….
နောက် Epic Battle တစ်ခုကိုပြောပါဆိုရင်တော့
ဒီကားထဲက Godzilla နဲ့  Ghidorah (ခေါင်းသုံးလုံးနဂါး) တို့ရဲ့
တိုက်ပွဲပါပဲ…
တကယ်လည်းမိုက်တယ် …. အသေချတယ်….
ကြည့်ရတဲ့လူအဖို့ ဂေါ်ကြီးနိုင်ပါစေ ….
ဂေါ်ကြီးထိသွားရင်လည်း ဟာခနဲဖြစ်ပြီး
ရင်ခုန်ပြီးကြည့်နေရတာပါ….
ဒီကားက တိုက်တန်ကြီးတွေချတာကိုကြည့်တာနဲ့တင်
လုံးဝတန်နေပြီဖြစ်တဲ့ ကားလို့တောင်ပြောလို့ရပါတယ်…
ဒါကြောင့် ဒီကားရဲ့ ဇာတ်လမ်းအကြောင်းကို
အားလုံးလည်းနားလည်အောင် အနည်းငယ်တင်ဆက်ပေးပါရစေ…
ဒီရုပ်ရှင်ကတော့ ၂၀၁၄ ဂေါ်ဇီလာကားရဲ့ အဆက်ဖြစ်ပြီးတော့
Rating 6.6 ရရှိထားပါတယ်..
Rating နည်းတာကိုမကြည့်ပါနဲ့…တိုက်တန်ကြီးတွေရဲ့
Battle တွေကိုကြည့်ကြည့်ပါ…
လုံးဝအလန်းကြီးတွေပါ………
ဇာတ်လမ်းသဘောအရတော့
ဂေါ်ဇီလာနဲ့ တိုက်တန်အချို့တိုက်ပွဲအပြီးမှာ မိုနာ့ခ် အဖွဲ့ကြီးဟာ
အခြားသော တိုက်တန်တွေကို ရှာဖွေထိန်းသိမ်းနေကြပါတယ်။
ဒေါက်တာ အမ်မာကတော့ တိုက်တန်တွေကို အမိန့်ပေးနိုင်မယ့်
အော်ကာလို့ ခေါ်တဲ့ စက်တစ်မျိုးကို တီထွင်နိုင်ခဲ့တယ်။
အဲဒီစက်ကနေ ဂီဒီုရာနိုးထလာပြီး အခြားတိုက်တန်တွေရဲ့ ဘုရင်နေရာအတွက်
ဂေါ်ဇီလာနဲ့ အားပြိုင်မှုတွေ ဖြစ်လာပါတော့တယ်……



Credit - CM




File size - 1.29GB
ဒီမှာဒေါင်းပါ - https://mm1ink.net/Sg4z







File size - 251MB
ဒီမှာဒေါင်းပါ - https://mm1ink.net/o8WGu






မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://youtu.be/pJtOvyJ-aSs

Adblockဖြစ်ပြီးဒေါင်းမရဖြစ်နေသူများအတွက်
ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ။
👇👇👇👇
https://youtu.be/U2RBen_tRhI
   



(zawgyi)
Godzilla: King of the Monsters (2019)
============================
ကြည့်လိုက်တိုင်းလည်း လူသားတွေရဲ့ပြသနာရှာမှု့တွေကို
လူသားတွေပါပဲ..
အသေချကြပါတယ်…..
တိုက်ပွဲပါပဲ…
လုံးဝအလန်းကြီးတွေပါ………
ဇာတ်လမ်းသဘောအရတော့



Credit - CM




File size - 1.29GB







File size - 251MB






👇👇👇👇👇👇👇👇

👇👇👇👇
   






Share this article :

Post a Comment