(unicode)
The Dark Knight (2008)
-------------------------------
ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။
The Dark Knight (2008)
-------------------------------
ဒီတစ်ခါတော့ Superhero တွေထဲမှာ လူကြိုက်အများဆုံးလည်း ဖြစ်သလို၊ Superhero အားလုံးရဲ့ ရှေ့ဆောင် လမ်းပြလည်း အဖြစ် Superman နဲ့ အတူ သတ်မှတ်ခံထားရတဲ့ Batman ဇာတ်လမ်း နဲ့မိတ်ဆက်ပေးပါရစေ။
The Dark Knight လို့တင်စားခံထားရတဲ့ Batman ကားတွေက ၁၉၈၉ မှာထဲက ရုပ်ရှင် အဖြစ်နဲ့ စင်မြင့်ထက်မှာ နေရာယူထားပေမယ့် ၂၀၀၅ ခုနှစ်ရောက် မှာ Christopher Nolan ရဲ့ Batman Begins နဲ့ အတူ လူရိုသေရှင်ရိုသေဖြစ်လာခဲ့ပါတယ်။ Batman လို့ပြောလိုက်ရင် Director Tim Burton ရဲ့ Batman (1989) Batman Returns (1992) တို့နဲ့ နာမည်ရလာပေမယ့်၊ Joel Schumacher ရဲ့ ကလေးကြိုက် Batman Forever နဲ့ ဘယ်သူမှမကြိုက်တဲ့ Batman & Robin (၁၉၉၇မှာထွက်ခဲ့ပြီး Batman ကို ရုပ်ရှင် လောက ကနေ ခဏတာကွယ်ပျောက်သွားစေပါတယ်။) ဒါပေမယ့် ၂၀၀၅ ခုနှစ်မှာ Batman Begins နဲ့အတူ Batman နဲ့ Comic Book ရုပ်ရှင်တွေ ရုပ်ရှင်လောကကိုတကျော့ပြန် ဝင်လာခဲ့ပြီး ၂၀၀၈ ခုနှစ် ရဲ့ The Dark Knight ကတော့ ဘယ်သူမှမငြင်းပယ်နိုင်တဲ့ အကောင်းဆုံး Batman ကားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖု့ိ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။
Batman ရဲ့ Character မိတ်ဆက်ထဲမှာ ပြောထားသလိုပဲ Batman က Comic Hero တွေအားလုံးထဲမှာ The World Greatest Detective ဆိုတဲ့ ဘွဲ့ကိုရထားတဲ့ အတိုင်း ဒီကားမှာ သူ့ရဲ့ စုံထောက် စွမ်းရည်၊ ဉာဏ်ရည်ဉာဏ်သွေး သာမက သူ့ရဲ့ တိုက်ရည်ခိုက်ရည်၊ စွန့်လွှတ်စွန့်စား နိုင်မှုတွေ ကိုပါ ပရိတ်သတ် ကြီး ကြည့်ရှုခံစားနိုင်မှာပါ။
ဒါ့အပြင် ဒီကားမှာ အဓိကသရုပ်ဆောင် Christian Bale ရဲ့ ပြီးပြည့်စုံတဲ့ Batman သရုပ်ဖော်မှု၊ ဒါရိုက်တာ ရဲ့ ရိုက်ကူးတင်ဆက်မှု၊ ထူးခြားတဲ့ ဇာတ်လမ်းဖွဲ့စည်းပုံ၊ နက်နဲတဲ့ ဇာတ်အိမ်တည်ဆောက်မှုတွေနဲ့ ကွင်းဆက်မိမိ တက်ဆက်ထားနိုင်မှုတွေထက် ပိုပြီး ပြောစရာတစ်ခုရှိပါတယ်။ ဒါကတော့ Heath Ledger ရဲ့ နောက်ဆုံး သရုပ်ဆောင်မှုလည်းဖြစ်သလို အကောင်းဆုံး ဇာတ်ကောင်လည်းဖြစ်တဲ့ Joker ပါ။ Heath Ledger ရဲ့ The Joker က တကမ္ဘာလုံးက ပရိတ်သတ်တွေကို တုန်လှုပ်စေခဲ့ပြီး၊ ဗီလိန် တွေထဲမှာ ဆရာတစ်ဆူဖြစ်စေခဲ့ပါတယ်။ ဒီကားက Batman ရဲ့အကောင်းဆုံးကားဆိုရင် Joker က အကောင်းဆုံး ဗီလိန် ဖြစ်ပါတယ်။ Heath Ledger လည်း ဒီကားနဲ့ အကယ်ဒမီရခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အကောင်းဆုံး အက်ရှင်ကားတွေထဲက တစ်ကားပါလို့ပြောလို့ရသလို၊ The Bourne Trilogy ထက်တောင် မှာ ပိုကောင်းတယ်ဆိုရင် ငြင်းမယ့်သူမရှိလောက်ပါဘူး။ ဒီကားက Batman Fan တွေနဲ့ Comic Book ပရိတ်သတ်တွေကို စိတ်ကျေနပ်မှု့အပြည့်အဝပေးနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ ဟာကွက် အနည်းငယ်ရှိပေမယ့် Batman, Gordon, The Joker နဲ့ Harvey Dent (Two Face) တို့ရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့် ဇာတ်လမ်းထဲမှာ မျောပါသွားပြီး ၂နာရီခွဲလုံး စိတ်လှုပ်ရှားစွာကြည့်ရမှာဖြစ်ပါတယ်။ ဝါရင့်သရုပ်ဆောင်ကြီးနှစ်ယောက်ဖြစ်တဲ့ Michael Caine နဲ့ Morgan Freeman တို့ကလည်း ဇာတ်လမ်းကိုပိုပြီး အသက်ဝင်စေပါတယ်။
ဒီကားက ကလေးကြိုက် Batman ကားမဟုတ်သလို၊ ဖန်စီ အက်ရှင်ကားမဟုတ်ပါဘူး။ Crime/Action/Drama ကားဖြစ်ပြီး ကြည့်သင့်တဲ့ကားကောင်းတစ်ကားပါ။ မကြည့်ရသေးတဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။#Sololay …..ရုပ်ရှင်အညွှန်းကို ရုပ်ရှင်မိတ်ဆက် မှကူးယူဖော်ပြပါသည်။
File Size – 2.42 GB
Quality- BluRay 1080p 6CH
Running Time – 2hr 32min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Bhone Kyaw
Encoder – K#/4nt_M1nn_K0
Quality- BluRay 1080p 6CH
Running Time – 2hr 32min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Bhone Kyaw
Encoder – K#/4nt_M1nn_K0
Credit
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
The Dark Knight (2008)
-------------------------------
ဒီတစ္ခါေတာ့ Superhero ေတြထဲမွာ လူႀကိဳက္အမ်ားဆုံးလည္း ျဖစ္သလို၊ Superhero အားလုံးရဲ႕ ေရွ႕ေဆာင္ လမ္းျပလည္း အျဖစ္ Superman နဲ႕ အတူ သတ္မွတ္ခံထားရတဲ့ Batman ဇာတ္လမ္း နဲ႕မိတ္ဆက္ေပးပါရေစ။
The Dark Knight (2008)
-------------------------------
ဒီတစ္ခါေတာ့ Superhero ေတြထဲမွာ လူႀကိဳက္အမ်ားဆုံးလည္း ျဖစ္သလို၊ Superhero အားလုံးရဲ႕ ေရွ႕ေဆာင္ လမ္းျပလည္း အျဖစ္ Superman နဲ႕ အတူ သတ္မွတ္ခံထားရတဲ့ Batman ဇာတ္လမ္း နဲ႕မိတ္ဆက္ေပးပါရေစ။
The Dark Knight လို႔တင္စားခံထားရတဲ့ Batman ကားေတြက ၁၉၈၉ မွာထဲက ႐ုပ္ရွင္ အျဖစ္နဲ႕ စင္ျမင့္ထက္မွာ ေနရာယူထားေပမယ့္ ၂၀၀၅ ခုႏွစ္ေရာက္ မွာ Christopher Nolan ရဲ႕ Batman Begins နဲ႕ အတူ လူရိုေသရွင္ရိုေသျဖစ္လာခဲ့ပါတယ္။ Batman လို႔ေျပာလိုက္ရင္ Director Tim Burton ရဲ႕ Batman (1989) Batman Returns (1992) တို႔နဲ႕ နာမည္ရလာေပမယ့္၊ Joel Schumacher ရဲ႕ ကေလးႀကိဳက္ Batman Forever နဲ႕ ဘယ္သူမွမႀကိဳက္တဲ့ Batman & Robin (၁၉၉၇မွာထြက္ခဲ့ၿပီး Batman ကို ႐ုပ္ရွင္ ေလာက ကေန ခဏတာကြယ္ေပ်ာက္သြားေစပါတယ္။) ဒါေပမယ့္ ၂၀၀၅ ခုႏွစ္မွာ Batman Begins နဲ႕အတူ Batman နဲ႕ Comic Book ႐ုပ္ရွင္ေတြ ႐ုပ္ရွင္ေလာကကိုတေက်ာ့ျပန္ ဝင္လာခဲ့ၿပီး ၂၀၀၈ ခုႏွစ္ ရဲ႕ The Dark Knight ကေတာ့ ဘယ္သူမွမျငင္းပယ္နိုင္တဲ့ အေကာင္းဆုံး Batman ကားအျဖစ္ ရပ္တည္နိုင္ခဲ့ပါတယ္။
Batman Begins မွာ Gotham ၿမိဳ႕ကို ကယ္တင္ခဲ့ၿပီးတဲ့ေနာက္မွာ Batman/Bruce Wayne အေနနဲ႕ သူ႕ရဲ႕ အဆိုးဝါးဆုံး ရန္သူ ျဖစ္တဲ့ Joker နဲ႕ ရင္ဆိုင္ရမွာျဖစ္ပါတယ္။ The Dark Knight ကားက Joker နဲ႕ Batman ကို တမူထူးျခားတဲ့ ရႈ႕ေထာင့္ကေနတင္ဆက္ထားၿပီးေတာ့၊ Joker အျဖစ္သ႐ုပ္ေဆာင္တဲ့ Heath Ledger ကလည္း၊ လူတကာကို ဒုကၡေပးဖို႔က လြဲရင္၊ ဖ်က္လိုဖ်က္ဆီးလုပ္ဖို႔ကလြဲရင္ ဘာကိုမွ မလိုခ်င္တဲ့ ဇာတ္႐ုပ္အျဖစ္ ပီျပင္စြာသ႐ုပ္ေဆာင္ထားပါတယ္။ ဒီကားမွာ Joker က ပိုက္ဆံ၊ အာဏာ၊ ရာထူး ဘာကိုမွ မမက္ပဲ၊ ဖ်က္လိုဖ်က္ဆီးလုပ္ ဖို႔နဲ႕ Gotham ၿမိဳ႕တစ္ၿမိဳ႕လုံးကို သူလိုပဲ လူဆိုး လူရမ္းကားေတြျဖစ္ လာေအာင္ လုပ္ဖု႔ိ ရည္႐ြယ္ခ်က္နဲ႕ လုပ္ေနတာေတြကို တားဆီးဖို႔ Batman အေနနဲ႕ လုပ္ရိုးလုပ္စဥ္ ထဲက ေနခြဲထြက္ၿပီး Joker ကို ဖမ္းဖို႔ႀကိဳးစားရပုံကို တကယ့္ စုံေထာက္ကား ေကာင္းတစ္ကား အေနနဲ႕ တင္ဆက္ထားပါတယ္။
Batman ရဲ႕ Character မိတ္ဆက္ထဲမွာ ေျပာထားသလိုပဲ Batman က Comic Hero ေတြအားလုံးထဲမွာ The World Greatest Detective ဆိုတဲ့ ဘြဲ႕ကိုရထားတဲ့ အတိုင္း ဒီကားမွာ သူ႕ရဲ႕ စုံေထာက္ စြမ္းရည္၊ ဉာဏ္ရည္ဉာဏ္ေသြး သာမက သူ႕ရဲ႕ တိုက္ရည္ခိုက္ရည္၊ စြန႔္လႊတ္စြန႔္စား နိုင္မႈေတြ ကိုပါ ပရိတ္သတ္ ႀကီး ၾကည့္ရႈခံစားနိုင္မွာပါ။
ဒါ့အျပင္ ဒီကားမွာ အဓိကသ႐ုပ္ေဆာင္ Christian Bale ရဲ႕ ၿပီးျပည့္စုံတဲ့ Batman သ႐ုပ္ေဖာ္မႈ၊ ဒါရိုက္တာ ရဲ႕ ရိုက္ကူးတင္ဆက္မႈ၊ ထူးျခားတဲ့ ဇာတ္လမ္းဖြဲ႕စည္းပုံ၊ နက္နဲတဲ့ ဇာတ္အိမ္တည္ေဆာက္မႈေတြနဲ႕ ကြင္းဆက္မိမိ တက္ဆက္ထားနိုင္မႈေတြထက္ ပိုၿပီး ေျပာစရာတစ္ခုရွိပါတယ္။ ဒါကေတာ့ Heath Ledger ရဲ႕ ေနာက္ဆုံး သ႐ုပ္ေဆာင္မႈလည္းျဖစ္သလို အေကာင္းဆုံး ဇာတ္ေကာင္လည္းျဖစ္တဲ့ Joker ပါ။ Heath Ledger ရဲ႕ The Joker က တကမာၻလုံးက ပရိတ္သတ္ေတြကို တုန္လႈပ္ေစခဲ့ၿပီး၊ ဗီလိန္ ေတြထဲမွာ ဆရာတစ္ဆူျဖစ္ေစခဲ့ပါတယ္။ ဒီကားက Batman ရဲ႕အေကာင္းဆုံးကားဆိုရင္ Joker က အေကာင္းဆုံး ဗီလိန္ ျဖစ္ပါတယ္။ Heath Ledger လည္း ဒီကားနဲ႕ အကယ္ဒမီရခဲ့ပါတယ္။
၂၀၀၀ ျပည့္ႏွစ္ေနာက္ပိုင္း အေကာင္းဆုံး အက္ရွင္ကားေတြထဲက တစ္ကားပါလို႔ေျပာလို႔ရသလို၊ The Bourne Trilogy ထက္ေတာင္ မွာ ပိုေကာင္းတယ္ဆိုရင္ ျငင္းမယ့္သူမရွိေလာက္ပါဘူး။ ဒီကားက Batman Fan ေတြနဲ႕ Comic Book ပရိတ္သတ္ေတြကို စိတ္ေက်နပ္မႈ႕အျပည့္အဝေပးနိုင္ပါတယ္။ တစ္ခ်ိဳ႕ေနရာေတြမွာ ဟာကြက္ အနည္းငယ္ရွိေပမယ့္ Batman, Gordon, The Joker နဲ႕ Harvey Dent (Two Face) တို႔ရဲ႕ သ႐ုပ္ေဆာင္ ေကာင္းမႈေတြေၾကာင့္ ဇာတ္လမ္းထဲမွာ ေမ်ာပါသြားၿပီး ၂နာရီခြဲလုံး စိတ္လႈပ္ရွားစြာၾကည့္ရမွာျဖစ္ပါတယ္။ ဝါရင့္သ႐ုပ္ေဆာင္ႀကီးႏွစ္ေယာက္ျဖစ္တဲ့ Michael Caine နဲ႕ Morgan Freeman တို႔ကလည္း ဇာတ္လမ္းကိုပိုၿပီး အသက္ဝင္ေစပါတယ္။
ဒီကားက ကေလးႀကိဳက္ Batman ကားမဟုတ္သလို၊ ဖန္စီ အက္ရွင္ကားမဟုတ္ပါဘူး။ Crime/Action/Drama ကားျဖစ္ၿပီး ၾကည့္သင့္တဲ့ကားေကာင္းတစ္ကားပါ။ မၾကည့္ရေသးတဲ့သူေတြ ၾကည့္ျဖစ္ေအာင္ ၾကည့္ဖို႔ တိုက္တြန္းလိုက္ပါတယ္။#Sololay …..႐ုပ္ရွင္အၫႊန္းကို ႐ုပ္ရွင္မိတ္ဆက္ မွကူးယူေဖာ္ျပပါသည္။
File Size – 2.42 GB
Quality- BluRay 1080p 6CH
Running Time – 2hr 32min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Bhone Kyaw
Encoder – K#/4nt_M1nn_K0
Quality- BluRay 1080p 6CH
Running Time – 2hr 32min
Format – mkv
Genre – Action, Crime, Drama
Subtitle – Myanmar (Hard Sub)
Translator – Bhone Kyaw
Encoder – K#/4nt_M1nn_K0
Credit
မေဒါင္းတတ္ရင္ ေဒါင္းနည္းကို ေအာက္ကလင့္မွာၾကည့္ပါ
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
Post a Comment