(unicode)
Jodhaa Akbar(2008)အညွှန်း
*******************************
Jodhaa Akbar(2008)အညွှန်း
*******************************
IMDb.....7.6,,,,,Rotten....79%
((( ပြသချိန် ၃ နာရီ ၃၀ မိနစ် ကြာမြင့်ပြီး 1080p,720pတို့ဖြင့် အကောင်းမွန်ဆုံးတင်ဆက်ပေးထားပါသည်.....)))
ဒီဇာတ်လမ်းလေးကတော့
အိန္ဒိယပြည့်ရဲ့ ဆယ့်ခြောက်ရာစုသမိုင်းနောက်ခံ
ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး
လက်ရှိ အိန္ဒိယလို့ခေါ်တဲ့နေရာကို အုပ်စိုးခဲ့ပြီး
မဂိုအင်ပါယာကို စတင်ထူထောင်သူလို့ ယူဆကြတဲ့
ကြီးကျယ်တဲ့ မဂို ဧကရာဇ် Akbarနဲ့
အမက်ဘုရင်ရဲ့သမီးတော်
ငယ်ရွယ်သွက်လက်တဲ့ မင်းသမီးလေးတစ်ယောက်တို့အကြောင်းကို

အခြေခံရိုက်ကူးထားတဲ့ Action, Drama, History ဇာတ်ကားဖြစ်ပါတယ်....
ဟိန္ဒူဖြစ်တဲ အမက်ဘုရင်ဟာ
သူ့ရဲ့ ထီးနန်းကို ထိပါးလာမဲ့ နန်းတော်တွင်း ပြဿနာနဲ့
သူ့နိုင်ငံကိုတိုက်တော့မဲ့ မဂိုဧကရာဇ်ကြောင့်
သူ့ သမီးတော် ဂျိုဓ ကို မွတ်စလင် ဧကရာဇ်Akbarနဲ့
ထိမ်းမြှားစေခဲ့ပါတယ်။
Akbarဟာလည်း ဒီလက်ထပ်မှုက
ခိုင်မာတဲ့ မဟာမိတ်တစ်ခု ငြိမ်းချမ်းရေးတစ်ခုကို
ဖြစ်စေမယ်လို့ ယူဆပြီး လက်ခံခဲ့ပါတယ်။

ဟိန္ဒူ မွတ်စလင် ဇာတ်ဘာသာ အကွဲတွေကြောင့်
အစပိုင်းမှာ ဂျိုဓဟာ အခြေအနေ မဟန်ရင်
အဆိပ်သုံးဖို့အထိအမျိူးမျိုး ပြင်ဆင်ခဲ့ပေမဲ့
မွတ်စလင်ဘုရင် အက်ဘာဟာ သူထင်သလို
မဟုတ်ခဲ့ပဲ သူ့တောင်းတဲ့
သူ့ဘာသာကိုမပြောင်းနိုင်ကြောင်းနဲ့
သူယုံကြည်ရာဘာသာရဲ့ ဘုရားကျောင်းဆောက်ပေးဖို့တွေ
တောင်းဆိုခဲ့ပေမဲ့ မွတ်စလင် ဘုရင်ဟာ လက်ခံခဲ့ပါတယ်။

အချိန်တွေကြာပြီးတဲ့နောက် သူတို့တစ်ယောက်ကို
တစ်ယောက် မြတ်နိုးလာကြပေမဲ့
မတူညီတဲ့ ယဉ်ကျေးမှုနှစ်ခု မတူညီတဲ့ဘာသာနှစ်ခုရဲ့
အကျိုးဆက်အကြောင်းတရားတွေကြောင့်
မဖြောင့်ဖြူးတဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ
ဘယ်လိုတွေကြုံရဦးမလဲဆိုတာ
အသင့်အတင့်မှန်တဲ့ သမိုင်းနဲ့ ကြည့်မြင်ခံစားကြရမှာပါ။

ကြာမြင့်ချိန်သုံးနာရီခွဲအတွင်းမှာ
သမိုင်းရဲ့ ဖြစ်နေကြ ပြဿနာတွေဖြစ်တဲ့
စစ်ပွဲ .ဘာသာရေးပြဿနာ..ထီးနန်းကိစ္စတွေကို
ဧကရာဇ်နဲ့ မင်းသမီးလေးရဲ့ အချစ်ဇာတ်လမ်းကလေးနဲ့
တခမ်းတနားတင်ပြထားတဲ့ အိန္ဒိယသမိုင်းနောက်ခံ
ကားကောင်းလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းကိုတော့ WiRa Aung မှရေးသားပေးထားပါတယ်...

ဒီမှာဒေါင်းပါ-https://mm1ink.info/QuSM2ZWP
မဒေါင်းတတ်ရင် ဒေါင်းနည်းကို အောက်ကလင့်မှာကြည့်ပါ
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
👇👇👇👇👇👇👇👇
https://xellomyanmar1.blogspot.com/2018/12/blog-post.html?m=1
(zawgyi)
*******************************
*******************************
IMDb.....7.6,,,,,Rotten....79%
ဒီဇာတ်လမ်းလေးကတော့


အဆိပ်သုံးဖို့အထိအမျိုးမျိုး ပြင်ဆင်ခဲ့ပေမဲ့



👇👇👇👇👇👇👇👇
👇👇👇👇👇👇👇👇
Post a Comment